ရင်သွေးလေး သွေးလွန်တုပ်ကွေး ဖြစ်နေတာလား
ခြင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေထဲမှာ အဆိုးဆုံးလို့ ပြောလို့ရတဲ့ ကျန်းမာရေးပြဿနာ တစ်မျိုး ရှိပါတယ်။ ဒါကတော့ သွေးလွန်တုပ်ကွေးပါ။ သွေးလွန်တုပ်ကွေးဆိုတာက ရောဂါပိုး သယ်ဆောင်လာတဲ့ ခြင်ကိုက်တာကို ခံရတဲ့ ဘယ်သူမှာမဆို ကူးစက်ဖြစ်ပွားနိုင်ပါတယ်။
နှစ်စဉ် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ သန်း ၅၀၀ ခန့်ရှိပြီး သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူဦးရေကတော့ တစ်နှစ်ကို ၂.၇ သန်းအထိ ရှိနေပါတယ်။
သွေးလွန်တုပ်ကွေးက ကလေးကို ဘယ်လိုတွေများ ထိခိုက်စေနိုင်လဲ?
သွေးလွန်တုပ်ကွေးက အပေါ်မှာ ပြောခဲ့သလို ခြင်ကတဆင့် ကူးစက်တဲ့ အဖျားရောဂါ တစ်မျိုးပါ။ သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်လာတဲ့ Aedes ခြင်မရဲ့ ကိုက်ခြင်းခံရတာကြောင့် သွေးလွန်တုပ်ကွေး ဖြစ်ရတာပါ။ လူအချင်းချင်းတော့ မကူးစက်နိုင်ပါဘူး။
တော်တော်များများက ကလေးမှာ သွေးလွန်တုပ်ကွေး ဖြစ်နေရင်တောင်မှ သွေးလွန်တုပ်ကွေးလို့ သိသူက ရှားပါတယ်။ အချို့သော အဖျားတွေနဲ့ ရောနေတတ်တာမျိုးပါ။ ဒါကြောင့် တစ်ခါတလေဆို ကလေးက သွေးလန့်မှ သွေးလွန်တုပ်ကွေး ဖြစ်တာကို သိရှိတာမျိုးတွေကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးတာကို ဖြစ်စေနိုင်ပါတယ်။
သွေးလွန်တုပ်ကွေးမှန်း ဘယ်လို သိနိုင်မလဲ?
ဒါကြောင့် သွေးလွန်တုပ်ကွေးကို သိရှိစေနိုင်ဖို့အတွက် မိဘတိုင်း သိထားသင့်တဲ့ လက္ခဏာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
သွေးလွန်တုပ်ကွေး ဖြစ်ပြီဆိုရင် အတွေ့ရများတဲ့ လက္ခဏာတွေကတော့
- ရုတ်တရက် အဖျားတက်တာ
- ၅ ရက် ဆက်တိုက် အဖျား မကျတာ
- ခေါင်းထဲက ကိုက်တာ
- မျက်လုံးတွေ အောင့်တာ
- ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲတာ
- ကြွက်သားတွေ နာတာ
- မူးဝေတာ
- ကော်ဖီရောင်တွေ အန်တာ
- အရေပြားမှာ အစက်အပြောက်တွေ ဖြစ်တာ
- သွေးထွက်တာ
- မျက်ရည်ပူတွေ ကျတာ
- မအီမသာဖြစ်တာ
- ကလေးက မှိန်းနေတာ
- ကိုယ်အပူချိန် ကျလာတာမျိုးတွေကို ခံစားနေရပြီဆိုရင် ကလေးက သွေးလွန်တုပ်ကွေး ဖြစ်နေတာကြောင့် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။
သွေးလွန်တုပ်ကွေးက အခန့်မသင့်ရင် ကလေးကို အသက်အန္တရာယ် ရှိစေနိုင်တာကြောင့် ဖျားပြီဆိုရင် သေချာလေး ဂရုစိုက်ပေးပါ။ အဖျားတာရှည်နေမယ်ဆိုရင် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။
မွန်မွန်